📝 အကောင့် ဖွင့်ရန်
ဖွင့်ပြီးတာနဲ့ ဒီ browser ကနေ တန်းပြီး ယာဉ်ခေါ်လို့ရပါတယ်။ App ထဲမှာလည်း ဖုန်းနံပါတ် + PIN နဲ့ ဝင်လို့ရပါတယ်။
✅ အကောင့် ဖွင့်ပြီးပါပြီ
🚀 ယာဉ်ခေါ်မယ် — ဒီကနေ တန်းသုံးAndroid ဖုန်းဆိုရင် app ဒေါင်းပြီး ဖုန်းနံပါတ် + PIN နဲ့ ဝင်ရင် ပိုမြန်ပြီး အသိပေးချက် (notification) ပါ ရပါတယ်။
⬇ App ဒေါင်းလုဒ်ရန်စီးမယ် ဆိုတာ
စီးမယ် က မုဒုံ နဲ့ မော်လမြိုင် က ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေ အလွယ်တကူ ချိတ်ဆက်မိအောင် လုပ်ပေးထားတဲ့ app ပါ။
အမြတ်ရဖို့ လုပ်ထားတာ မဟုတ်ပါဘူး။ ခရီးသည်ဆီကရော ယာဉ်မောင်းဆီကပါ ကော်မရှင်၊ ဝန်ဆောင်ခ၊ အသင်းဝင်ကြေး ဘာမှ မယူပါဘူး။ အားလုံးအတွက် လွယ်ကူစေဖို့ပဲ ရည်ရွယ်ပါတယ်။
သုံးပုံ
- ဖုန်းနံပါတ် နဲ့ PIN ၆ လုံးနဲ့ အကောင့်ဖွင့်ပါ။
- မြေပုံပေါ်မှာ ဘယ်ကနေ ဘယ်ကို သွားမလဲ ရွေးပါ။
- ယာဉ်အမျိုးအစား (ဆိုင်ကယ် / သုံးဘီး / ကား) ရွေးပြီး ပေးချင်တဲ့ ဈေးကို ကိုယ်တိုင် ပြောပါ။ app က သင့်တော်တဲ့ ဈေးအပိုင်းအခြားကို အကြံပြုပေးပါတယ်။
- အနီးက ယာဉ်မောင်းတွေက လက်ခံတာ (သို့) ဈေးပြန်ပြောတာ လုပ်ပါလိမ့်မယ်။ စိတ်ကြိုက် ယာဉ်မောင်းကို ရွေးပါ။
- ယာဉ်မောင်း ဘယ်နားရောက်နေလဲ မြေပုံမှာ ကြည့်လို့ရပါတယ်။
- ခရီးဆုံးရင် ငွေသားနဲ့ ယာဉ်မောင်းကို တိုက်ရိုက် ပေးပါ။ app ထဲမှာ ငွေပေးချေတာ မရှိပါဘူး။
စင်းလုံးငှား (မြို့ပြင်ခရီး)
ရန်ကုန် စတဲ့ မြို့တွေကို ရက်ချိန်းပြီး ကြိုတင် ငှားလို့ရပါတယ်။ ရက်၊ အချိန်၊ လူဦးရေ ထည့်လိုက်ရင် ယာဉ်မောင်းတွေက ဈေးလာပြောပါမယ်။ ဈေး၊ ယာဉ်ပုံ၊ ယာဉ်မောင်းရဲ့ rating ကြည့်ပြီး ကြိုက်တဲ့သူကို ရွေးပါ။
လုံခြုံရေး
- စိတ်ပူစရာ တစ်ခုခုရှိရင် ခရီးစဉ်ကို ဖျက်လိုက်ပါ။ ခရီးသည်ရော ယာဉ်မောင်းပါ ဘယ်အချိန်မဆို ဖျက်လို့ရပါတယ်။ ကိုယ့်လုံခြုံရေးက အရေးအကြီးဆုံးပါ။
- ဝေးလံခေါင်ဖျားပြီး လူပြတ်တဲ့ နေရာတွေကို မသွားသင့်ပါဘူး။ ညဘက်မှာ အထူးသတိထားပါ။
- ယာဉ်မပေါ်ခင် ယာဉ်မောင်းနာမည်၊ ယာဉ်အမျိုးအစား နဲ့ ယာဉ်နံပါတ်က app မှာပြတာနဲ့ ကိုက်ရဲ့လား စစ်ပါ။
- ခရီးစဉ်အကြောင်း မိသားစု (သို့) သူငယ်ချင်းကို အသိပေးထားပါ။
- ဈေးကို ခရီးမစခင် ပြောပြီး သဘောတူထားပါ။
- မကောင်းတဲ့ အပြုအမူ ကြုံရင် app ထဲက "တိုင်ကြားရန်" နဲ့ တိုင်ပါ။ ကြယ်ပွင့်ပေးရင်လည်း တခြားခရီးသည်တွေ သိရပါတယ်။
အရေးပေါ်ဆိုရင်
တာဝန်ယူမှုဆိုင်ရာ သတိပေးချက်
စီးမယ် က ခရီးသည်နဲ့ ယာဉ်မောင်းကို ချိတ်ဆက်ပေးတာပဲ လုပ်ပါတယ်။ ယာဉ်မောင်းတွေက စီးမယ် ရဲ့ ဝန်ထမ်းတွေ မဟုတ်သလို ယာဉ်မောင်းတွေရဲ့ နောက်ခံကိုလည်း စီးမယ် က အာမခံ မပေးနိုင်ပါဘူး။ ခရီးစဉ်အတွင်း ဖြစ်တဲ့ မတော်တဆမှု၊ ပစ္စည်းပျောက်ဆုံးမှု၊ ငွေကြေး အငြင်းပွားမှုတွေအတွက် စီးမယ် က တာဝန်မယူနိုင်ပါဘူး။ ကိုယ့်ဘာသာ သတိထားပြီး ဆုံးဖြတ်ပါ။